ပုသိမ်
ဇူလိုင် ၂၃
ပုဂ္ဂလိကကဏ္ဍ
လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မည့်
အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး
ပုသိမ်မြို့ ပုသိမ်ဟိုတယ် မင်္ဂလာခန်းမ၌ ကျင်းပရာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား
ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
လူသား အရင်းအမြစ်များ ပြုစု ပျိုးထောင်ရေးသည် အလွန် အရေးကြီးပါကြောင်း၊ ပညာရေး ဝန်ကြီးဌာန
အနေဖြင့် အမျိုးသား ပညာရေးမူဝါဒပါ ကဏ္ဍများဖြစ်သည့် အခြေခံပညာရေး၊ အဆင့်မြင့် ပညာရေး၊
နည်းပညာနှင့် သက်မွေး ပညာရေးတို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်
နေပါကြောင်း၊ နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်
ဖြစ်သည့် ဒေသတွင်း လုပ်ငန်းများ အတွက် လိုအပ်သော လက်တွေ့ ကျွမ်းကျင်မှု လိုအပ်ချက်များ
ဖော်ထုတ်နိုင်ရေး၊ ဒေသမှ တောင်းဆိုမှု အများဆုံး ဖြစ်သည့် သင်တန်းအမျိုးအစား စတင် ဖွင့်လှစ်နိုင်ရေး၊
ဖွင့်လှစ်မည့် သင်တန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်ရေး အစီအစဉ်များ ဖော်ထုတ် ဆောင်ရွက်နိုင်ရေးတို့ကို
ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိဒေသအကျိုး ဖွံ့ဖြိုး တိုးတက်အောင် လက်တွေ့
ကူညီ ဆောင်ရွက်နိုင်မည့် ဘွဲ့ရ လူငယ် မောင်မယ်များ မွေးထုတ်ပေးရမည် ဖြစ်ကြောင်း၊ သက်မွေး
ဝမ်းကျောင်း ပညာရေး အောင်မြင်သည့် လူငယ်များ အနေဖြင့် အလုပ်အကိုင်နှင့် လစာကောင်းများ
ရရှိနိုင်သကဲ့သို့ အစိုးရပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ခြင်း သာမက ဖွံ့ဖြိုးမှု မိတ်ဖက်
အဖွဲ့အစည်းများ စိတ်ပါဝင်စားသော နယ်ပယ်များတွင်လည်း ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်ကြရမည်
ဖြစ်ပါကြောင်း ယနေ့ နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက် အောင်မြင်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေး
ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍
ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ မျိုးသက်၊ ဧရာဝတီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်တို့က အမှာစကား ပြောကြားပြီး နှီးနှော ဖလှယ်ပွဲကို အစီအစဉ်အတိုင်း
ဆက်လက် ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment