ထားဝယ် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး
အမျိုးသမီးရေးရာ လုပ်ငန်းကော်မတီမှကြီးမှူး၍ လှူဖွယ်ပစ္စည်းများကို ယနေ့ မွန်းလွဲ ၁၃း၃၀
နာရီအချိန်တွင် ထားဝယ်မြို့၊ ဇေယျာဘုမ္မိကျောင်းခွဲ၊ တိုင်းရင်းသားမိဘမဲ့များ ဘက်စုံပညာဖွံ
့ဖြိုးရေး အမျိုးသမီးပညာ သင်ကျောင်း၌ ပေးအပ်လှူဒါန်းသည်။
ထိုနောက်တိုင်းဒေသကြီး
အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းရင်းသားရေးရာ ၀န်ကြီးစောလုကာ၊
တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီလာအေးနှင့်အဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး
လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ
့ဝင်များက လှူဖွယ်ပစ္စည်းများ ဖြစ်သော ဆန် (၂၄) ပြည် ၂ အိတ်၊ ဆီ (၂၀) ပိသာ၊ ဆပ်ပြာမှုန့်အကြီး
(၃၀)ထုပ်၊ ဆပ်ပြာ(၃)ဒါဇင်၊ ခေါင်းလျှော်ရည် (၉) ဒါဇင်ပေးတို့ကို ပေးအပ်လှူဒါန်းရာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ရသီလရှင်
ဆရာကြီးဒေါ်စန္ဒသိ င်္ဂီက လက်ခံယူသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့
လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက တိုင်းရင်းသား မိဘမဲ့များဘက်စုံ
ပညာဖွံ့ဖြိုးရေး အမျိုးသမီးပညာသင်ကျောင်းရှိ သီလရှင်များနှင့် ကျောင်းသူများအား သြ၀ါဒစကား
ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment