မိုးညို
ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး
သာယာဝတီခရိုင် မိုးညိုမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း နှစ်ထပ် ကျောင်းဆောင်သစ်
ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ
ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
မျိုးသိမ်းကြီး၊ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး
ဦးမောင်မောင်လွင်၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုး၊
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး
ကျောင်းသား ကျောင်းသူလေး များက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။
ထို့နောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေး နှင့် လူမှုရေး ဝန်ကြီး ဦးမောင်မောင်လွင်၊
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့် တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက်
မိုးညိုမြို့နယ် အတွင်း ရေကြီး နစ်မြုပ်သော ကျောင်းသား ကျောင်းသူများ အတွက် ပညာရေးဝန်ကြီးဌာနမှ
ဗလာစာအုပ် ဒါဇင် (၂၀၀၀)၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဗလာစာအုပ် ဒါဇင် (၁၀၀၀)တို့ကို
ပေးအပ်လှူဒါန်းရာ မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာမကြီးတို့က လက်ခံရယူသည်။
ထို့နောက်
မိုးညိုမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဌေးက မိုးညိုမြို့နယ် ပညာရေး အခြေအနေများကို
တင်ပြပြီး မိုးညိုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးစိန်လှိုင်က ကျောင်းအုပ် ဆရာမကြီး
ဒေါ်သန်းသန်းဌေးအား ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရင်းဇယားများကို ပေးအပ်သည်။
ဆက်လက်၍
မိုးညိုကုမ္ပဏီ ဒါရိုက်တာ ဦးစိန်လှိုင်က ကျေးဇူးတင်စကား ပြောကြားကာ ကျောင်းသား ကျောင်းသူလေးများက
ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
(ပညာရေး)
No comments:
Post a Comment