မုံရွာ ဇူလိုင်
၁၈
စက်ရုံ၊
အလုပ်ရုံများနှင့် လျှပ်စစ်မီးသုံးစွဲသူပြည်သူများ လျှပ်စစ်ဓါတ်အားအပြည့်အဝ သုံးစွဲနိုင်ရေးအတွက်
မုံရွာမြို့၊ အောင်ချမ်းသာ ပင်မဓါတ်အားခွဲရုံနှင့် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးပင်မဓါတ်အားခွဲရုံတို့တွင်
အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ
သိရသည်။
လျှပ်စစ်ဓါတ်အား
အသုံးပြုသည့် စက်ရုံ၊ အလုပ်ရုံများ ရှိလာကြောင်း၊ သုံးစွဲမှုသည်လည်း များလာသည့်အတွက်
ပြည့်စုံစွာ ပေးနိုင်ရန် လိုအပ်သော ထရန်စဖော်မာများကို တိုးချဲ့တပ်ဆင်လျက်ရှိကြောင်း၊
ဓာတ်အားလိုင်း အကာအကွယ်စနစ်များ တပ်ဆင်ပေးခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးမှတာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရသိရသည်။
အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ်
မုံရွာမြို့အောင်ချမ်းသာဓါတ်အားခွဲရုံသို့ ဝန်အားနိုင်နင်းစွာ ပို့လွှတ်နိုင်ရန်အတွက်
၁၃၂ ကေဗွီ Bus Conductor များအား လဲလှယ်ခြင်း၊ အောင်ချမ်းသာဓာတ်အားခွဲရုံတွင် မုံရွာခရိုင်အတွင်းသို့
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ယခုလက်ရှိ တပ်ဆင်ထားသော ၁၃၂/၃၃/၁၁ ကေဗွီ၄၅အမ်ဗွီအေ
ထရန်စဖော်မာအား ၁ဝဝအမ်ဗွီအေ ထရန်စဖော်မာဖြင့် ပြောင်းလဲတပ်ဆင်ခြင်းဆိုင်ရာ အကြိုလုပ်ငန်းများကို
လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင်မုံရွာမြို့
ကွေ့ကြီး၊ အောင်ချမ်းသာ၊ မြို့သစ် ရပ်ကွက်များနှင့် ကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော
၆၆/၁၁ ကေဗွီ၁ဝအမ်ဗွီအေ ထရန်စဖော်မာအား ၂ဝအမ်ဗွီအေ ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်ခြင်း၊
အောင်ချမ်းသာ ပင်မဓာတ်အားခွဲရုံမှ ဖြန့်ဖြူးသည့်ဓာတ်အားလိုင်းများအား အကာအကွယ်စနစ်
(Protection System) များ ကောင်းမွန်ရေးတို့ကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲမှုဦးစီးဌာနနှင့်
တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်ထမ်းများမှ ဇူလိုင်လ ဒုတိယပတ်အတွင်းက လုပ်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းဦး(ဇေယျာတိုင်း)
No comments:
Post a Comment