မင်းဘူး
ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်
ပြောင်းရွှေ့ နေထိုင်သည့် ရေဘေးသင့် အိမ်ထောင်စုများအား မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
အိမ်ထောင်စု(၅၈၃)စုရှိ လူဦးရေ (၂၁၅၉)ဦးအတွက်
ဆန်(၇) ရက်စာဖိုး လူတစ်ဦးလျင် ၂၁၀၀ိ/- နှုန်းဖြင့် ငွေကျပ် (၄၅၃၃၉၀၀ိ/-)အား ဇူလိုင်လ
(၁၈)ရက်နေ့ နံနက်(၇)နာရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ရေဘေးသင့် ကူညီကယ်ဆယ်ရေးစခန်းများသို့
သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မင်းဘူးမြို့အမှတ်(၁)/(၃)ရပ်ကွက်၊
မန်းကျိုး ၊ထုံးမကြီး၊ ရွာသစ်ကုန်း၊ ဆည်ရွာ၊ ဖလံရုံ၊ ၊ငွေသောင် နိဗ္ဗာန်ကျွန်းနှင့်
တပင်ကျေးရွာ တို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စုများနှင့် တိရစ္ဆာန်များကို
ကူညီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို
ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဖိုးပြည့်
No comments:
Post a Comment