ကျောက်ဖြူ ဇူလိုင်
၁၈
ကျောက်ဖြူခရိုင်၊
ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၁၈)ရက်နေ့၊ နံနက်(၉) နာရီအချိန်တွင်
ပိုလီယိုကာကွယ်ဆေး အပိုဆောင်းထိုးနှံတိုက်ကျွေးခြင်း အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ
ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျောက်ဖြူခရိုင် ဆရာဝန်ကြီး ဦးရဲလွင်မောင်က ရှင်းလင်း
ပြောကြာခဲ့ရာတွင် မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကလေးငယ်များအား
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ
အကောင်အထည်ဖော်ဆောင်ရွက်ရှိရာ နိုင်ငံတော်မှ ဦးဆောင် ပံ့ပိုးမှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်တကွ
နှီးနွယ်ဆက်စပ်နေသော ဝန်ကြီးဌာနအသီးသီးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းမှ အောက်ခြေအထိဝိုင်းဝန်းပံပိုးမှုတို့ကြောင့်
နှစ်စဉ်ကာကွယ်ဆေးလွှမ်းခြုံမှုများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျှက် ရှိပါကြောင်း၊
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းတို့ကြောင့် ကလေးငယ်များ၏ကျန်းမာရေးကို ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်ခြင်းဖြင့် တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့် ပညာရည်မြင့်မားရေးစသည့်
အမျိုးသားရေးဦးတည်ချက်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သော
လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို
အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပိုလီယို အကြောသေ ရောဂါ လုံးဝပပျောက်ရေးရည်မှန်းချက်ပြည့်ဝအောင်
မြင်စေရန်အတွက် လုပ်ငန်းကြီး (၄)ရပ်ဖြင့်
ထိထိ ရောက်ရောက် ဆောင်ရွက် လျှက်ရှိပါကြောင်း၊ ပိုလီယိုကာကွယ်ဆေး အပိုဆောင်ထိုးနှံတိုက်ကျွေးရေး
အစီအစဉ်ကို (၂၁.၇.၂၀၁၇) ရက်နေ့မှ (၂၅.၇.၂၀၁၇) ရက်နေ့အထိ ပထမအကြိမ်ကို လည်ကောင်း၊ (၂၁.၈.၂၀၁၇)
ရက်နေ့မှ (၂၅.၈.၂၀၁၇) ရက်နေ့အထိ ဒုတိယအကြိမ်ကို လည်းကောင်း ထိုးနှံတိုက်ကျွေးမည်ဖြစ်ပါကြောင်း၊
အဆိုပါကာကွယ်ဆေးအားကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အားလုံး
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို
ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ
တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)
No comments:
Post a Comment