မြစ်သား ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် ကျောက်ဆည်ခရိုင်
ငါးလုပ်ငန်းဦးစီးဌာနက သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးမှုတွင်
အထောက်အကူပြုစေရေးနှင့် ဒေသအတွင်း ငါးသယံဇာတများ ပေါများစေရေးတို့ကို ရည်ရွယ်၍ ကင်းတားရေလှောင်တမံအတွင်း ငါးမြစ်ချင်းငါးမျိုးစိပ်အကောင်ရေ
သုံးသိန်းကို ဇူလိုင် ၁၈ ရက်နေ့ နံနက် ၉နာရီက စိုက်ထည့်ခဲ့ကြောင်း သိရသည်။
ကင်းတားတမံအတွင်း
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်အုန်းကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့်
ဦးမင်းအောင်နှင့် ဒေါ်သင်းမြမြသင်း၊ ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့်
ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇေယျာမောင်၊
မြစ်သားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ
တာဝန်ရှိသူများ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ငါးမြစ်ချင်း ငါးမျိုးစိပ်အကောင်ရေသုံးသိန်းကို
ကင်းတားရေလှောင်တမံအတွင်း စိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ရဲဝင်းထွန်း(မြစ်သား)
No comments:
Post a Comment