နေပြည်တော်၊
ဇူလိုင် ၂၃
လယ်ယာစီးပွားရေး
ဝန်ဆောင်မှုစင်တာ စီမံကိန်းများ အကောင်အထည်ဖော်ရေး အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊
မြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင် ကော်ပိုရေးရှင်း လီမိတက်နှင့် တရုတ်နိုင်ငံ
CITIC Construction Co,Ltd တို့အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင်(၂၁)ရက် ညနေ (၄)နာရီက နေပြည်တော် သင်္ဂဟဟိုတယ်၌
ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာအောင်သူ ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းမြင့် ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်နိုင်ငံ စီးပွားရေးသံမှူး
မစ္စတာစီဂေါင်ရှမ် တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း
လီမိတက်မှ ဦးရဲမင်းအောင်နှင့် တရုတ်နိုင်ငံ CITIC Construction Co.;Ltd ဥက္ကဋ္ဌ မစ္စတာ
ချင်ရှောင်ကျား တို့က လယ်ယာ စီးပွားရေး ဝန်ဆောင်မှု စင်တာ စီမံကိန်းများ အကောင်အထည်ဖော်ရေး
အတွက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးကြသည်။
လယ်ယာ
စီးပွားရေး ဝန်ဆောင်မှု စင်တာ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်
မြန်မာ့ဆန်စပါး ထုတ်လုပ်မှုတွင် တစ်ဧကချင်း၏ အထွက်နှုန်း တိုးစေခြင်းဖြင့် တောင်သူများ
ဝင်ငွေ တိုးတက်ရရှိစေရန်၊ ထုတ်လုပ်မှုစရိတ် လျော့ချနိုင်ပြီး ပြည်တွင်း ပြည်ပ ဈေးကွက်ဝင်
ဈေးကောင်း ရရှိစေရန်၊ ဆန်စပါး စိုက်ပျိုး ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းစဉ် တစ်လျောက်၌
ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက် လာစေရန်၊ ဆန်စပါး၏ အရည်အသွေး တိုးတက်
ကောင်းမွန်ရေး သာမက စားသုံးသူ ဘေးကင်း လုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
လုပ်ငန်းစဉ်များအား တိုးချဲ့ပညာပေးရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်
တို့အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment