နေပြည်တော်
ဧပြီ ၂၅
ပညာရေးဝန်ကြီး အဆင့်မြင့်ပညာ ဦးစီးဌာနနှင့်
နယ်သာလန်နိုင်ငံ အခြေစိုက် Stichting Electronic Information for Libraries (EIFL)
တို့သည် ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ မြန်မာ-
နယ်သာလန် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းနှင့် နယ်သာလန်နိုင်ငံ အခြေစိုက် (EIFL)မှ
Director Ms.Rima Kupryte တို့သည် နှစ်နိုင်ငံကြား အဆင့်မြင့် ပညာရေး နယ်ပယ်တွင် တက္ကသိုလ်
စာကြည့်တိုက်များ ပူးပေါင်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်းများ အတွက်
ပညာရေး လုပ်ငန်းများကို သဘောတူညီသည့် နားလည်မှုစာချွန်လွှာအား လက်မှတ် ရေးထိုးခဲ့ကြောင်း
သတင်းရရှိသည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊
ဖိတ်ကြား ထားသော တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ စာကြည့်တိုက်မှူးများနှင့် နယ်သာလန်နိုင်ငံ
အခြေစိုက် (EIFL)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment