Tuesday, April 25, 2017

မိတ္ထီလာမြို့ ဝမ်းတော်ပြည့်ဘုရားအနီးတွင် မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွား



မိတ္ထီလာ   ဧပြီ   ၂၅
မိတ္ထီလာမြို့ ဝမ်းတော်ပြည့်ဘုရားအနီးတွင် ဧပြီလ ၂၅ ရက်နေ့ နံနက် ၁ နာရီက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ ဆင်ဖြူတော် တံဆိပ်ပါကွန်ကရစ် ဓါတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်နေ့ နံနက် ၁နာရီက ဒုရဲအုပ် လှမျိုးသူသည် ရဲစခန်း၌ စခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ်(၃၄၀/၂)နှင့် (၃၄၀/၃)ကြား ဝမ်းတော်ပြည့်ဘုရားအနီး မိတ္ထီလာဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းကျော်မျိုးအောင် (၃၅)နှစ် မောင်းနှင်ပြီး ဘေးတွင် ဇင်မျိုး၊ယာဉ်နောက်ခန်းတွင် သန်းထွန်းအောင်နှင့် ဆန်းဝင်းတို့ လိုက်ပါလာသော YGN--/---- လိုက်ထရွက်(အဖြူ)ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်း၏ ယာဘက်ရှိ ဆင်ဖြုတော် တံဆိပ်ပါ ကွန်ကရစ်ဓါတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့သည်။
၎င်းယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းကျော်မျိုးအောင်တွင် ယာပါးပေါပြဲသွေးထွက်ဒဏ်ရာ (အတွင်းလူနာ၊ မစိုးရိမ်ရ)၊ ဇင်မျိုး(၂၈)နှစ် နှာခေါင်းပေါက်ပြဲသွေးထွက် ဒဏ်ရာရ (မစိုးရိမ်ရ၊ အတွင်းလူနာ)၊ သန်းထွန်းအောင်(၃၀)နှစ် ယာနားပြတ်ရှဒဏ်ရ (အတွင်းလူနာ၊ မစိုးရိမ်ရ)၊ ဆန်းဝင်း(၄၃)နှစ် နဖူးပေါက်ပြဲသွေးထွက်ဒဏ်ရာ(အတွင်းလူနာ၊ မစိုးရိမ်ရ)မိတ္ထီလာပြည်သူ့ဆေးတွင် တက်ရောက်ကုသမှုခံယူလျှက်ရှိပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ကျော်မျိုးအောင်ကို ယာဉ်(ပ)၂၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment