Thursday, April 20, 2017

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဂျပန်နိုင်ငံ Liberal Democratic Party အထွေထွေ အတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံ

နေပြည်တော် ဧပြီ ၂၀
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အဖွဲ့အား ဧပြီ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲက  ဂျပန်နိုင်ငံ Okura Hotel ၌ Okura Hotel အကြီးအမှူး Mr. Toshihiro ၊ ဒုတိယအကြီးအမှူးနှင့် ဂျပန်နိုင်ငံနိုင်ငံတကာ ဟိုတယ်လုပ်ငန်းရှင်များအုပ်စုတို့မှ နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဧပြီ ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီကလည်း  အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ Liberal Democratic Party (L.D.P) ပါတီဌာနချုပ်၌ ပါတီအထွေထွေအတွင်းရေးမှူးချုပ်၊ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ်နှင့် (L.D.P) ပါတီမှတာဝန်ရှိသူများနှင့်  တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဧပြီ ၁၂ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီကလည်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့အား ဂျပန်နိုင်ငံတိုကျိုမြို့ရှိ Liberal Democratic Party (L.D.P) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Toshihiro Nikai မှ နေ့လည်စာဖြင့် ဧည့်ခံရာ အဆိုပါ ဧည့်ခံပွဲသို့ ဂျပန်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment