ရီခေါဒါရ် ဧပြီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည့် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းထန်နှင့်အတူ ဧပြီ ၁၉ နံနက် နံနက် ၁၁ နာရီခွဲတွင် တီးတိန်မြို့သို့
ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
မွန်းလွဲ ၁ နာရီတွင် ရှောင်စောန်းကျေးရွာရှိ ချင်းရိုးရာအသုံးအဆောင်နှင့် ရိုးရာဓလေ့
အဆောက်အဦးများကို ကြည့်ရှုလေ့လာကြပြီး ကျေးရွာအတွက် အလှူငွေများပေအပ်လှူဒါန်းသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
တီးတိန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကလေး စာဖတ်ခန်း၊ စာကြည့်တိုက်နှင့်
ခင်းကျင်းပြသထားသည့် ချင်းရိုးရာအသုံးအဆောင်ပစ္စည်းများကို ကြည့်ရှုပြီး ပြသထား သည့်
ပစ္စည်းများ၏ သမိုင်းကြောင်း၊ အထောက်အထားနှင့် အသုံးပြုမှုအခြေအနေကို မှတ်တမ်းတင်ပြသထားရန်၊
ပြန်/ဆက် ဦးစီးရုံးကိုလည်း မြို့နယ်၏ Community Cernter အဖြစ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်
မှာကြားပြီး ၀န်ထမ်းသားသမီးများအတွက် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
တီးတိန်-ရိဒ် ကားလမ်းပေါ်ရှိ လိုင်တွိကျေးရွာ၊ ရှင်ရှမ်းကျေးရွာ ကိုယ်အား ကိုယ်ကိုးစာကြည့်တိုက်သို့
ညနေ ၃ နာရီတွင် ရောက်ရှိပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၅ နာရီခွဲတွင် ရိခေါဒါရ် မြို့သို့ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ယနေ့နံနက်ပိုင်းတွင် ရိခေါဒါရ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး
သို့ရောက်ရှိပြီး ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်နှင့် ချင်းရိုးရာအသုံးအဆောင်ပစ္စည်းများ
ခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးကာ ၀န်ထမ်းသားသမီးများအတွက် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည်။
(သတင်းစဉ်)

No comments:
Post a Comment