နေပြည်တော်
ဧပြီ ၂၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးဝင်းမြင့်သည် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Paul R. Segerအား ယနေ့ နံနက်
၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ ဆောင်၌
လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
ဆွစ်ဇာလန် - မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်
ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment