မိတ္ထီလာ ဧပြီ
၂၆
မိတ္ထီလာမြို့နယ်၌
ဆည်မြောင်းဦးစီးဌာမှ မိတ္ထီလာမြောက်ကန်မှစပါးများ စိုက်ပျိုးရေးရေပေးဝေရာတွင် ရေများလေလွင့်မှု
နည်းပါးစေရန် ရေပေးမြောင်မကြီးအား ကျောက်လိုင်နင်စီခြင်း၊ မြေထိန်းနံရံများ တည်ဆောက်ခြင်းနှင့်
တူးမြောင်း နယ်နိမိတ်ခြံစည်းရိုးများ ပြုလုပ်ခြင်းလုပ်ငန်းများအားကို မတ်လ ၁၆ ရက်နေ့က
လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သောကြောင့် စိုက်ပျိုးရေပေးဝေရာတွင် ရေအလေအလွင့်နည်းပါစွာဖြင့်
ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို
မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေဖြင့်
မိတ္ထီလာမြောက်ကန် ရေပေးမြောင်းမကြီးအတွင်းပိုင်း မြေသားမြောင်းအား ကျောက်လိုင်နင်စီခြင်း၊
မြေထိန်းနံရံများ တည်ဆောက်ခြင်းနှင့် တူးမြောင်းနယ်နိမိတ်ခြံစည်းရိုးများပြုလုပ်ခြင်းများကို
၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ရာ ၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်နေ့က လုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ပြီ
ဖြစ်သောကြောင့် မိတ္ထီလာမြောက်ကန်မှ စိုက်ပျိုးရေပေးဝေလျက်ရှိသော စိုက်ဧကများသို့ ရေလေလွင့်မှုနည်းပါးစွာ ရေပေးဝေ နိုင်မည့်အပြင် မြေသားနံရံများ
ရေတိုက်စား၍ တူးမြောင်းအတွင်း နှုန်းပို့ချမှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင် လူနေရပ်ကွက်များနှင့် ထိစပ်လျက်ရှိသော ရေပေးမြောင်းမကြီးအား
နယ်နိမိတ်ခြံစည်းရိုးသတ်မှတ်စိုက်ထူခြင်းဖြင့် တူးမြောင်းအတွင်းအမှိုက်စွန့်ပစ်ခြင်းမှ
ကာကွယ်နိုင်ခြင်း၊ လမ်းသွားလမ်းလာပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်း
သိရသည်။
၎င်းအပြင်
မိတ္ထီလာမြောက်ကန်ရေပေးဝေရေးမြောင်းမကြီး ဆောင်ရွက်ပြီးစီးခဲ့သောကြောင့် ရေမြောင်းမကြီးမှတဆင့်
သစ်တော်ပင် ၊နတ်မြောင်းနှင့် ကောက်ကွေ့သောရေပေးမြောင်းများမှ လျှော်ဖြူကန်၊ မကျီးစု၊ကျောင်းရွာ၊
ရှမ်းတဲ၊ဆည်ကုန်း၊ ကန်သာ၊ညောင်ကန်၊ ဇောင်ချမ်းကုန်း၊ကဖြူနှင့်တောမအုပ်စုကျေးရွာများမှ
ကျေးရွာပေါင်း (၄၁)ရွာက စပါးစိုက်ဧက (၆၇၄၄)ကို ရေများ လေလွင့်မှုနည်းပါးစွာဖြင့် ရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း
ဆည်းမြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
No comments:
Post a Comment