Wednesday, April 26, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ထိုင်းနိုင်ငံနှင့် ဘယ်လ်ဂျီယံ သမ္မတနိုင်ငံ သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်




နေပြည်တော် ဧပြီ ၂၆
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဂျတ်ခ်ဘွန်လုံသည် ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ ဘယ်လ်ဂျီယံသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဖိလစ်ခရီဒယ်လ်ကာသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို ပေးအပ်ကြသည်။


အဆိုပါ သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ သမ္မတရုံးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment