နေပြည်တော်၊
ဧပြီ - ၂၅
သြစတြီးယားနိုင်ငံ၌
အလုပ်သဘော ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဧပြီ ၂၄ ရက် ဒေသ စံတော်ချိန်
မွန်းလွဲ ၃ နာရီတွင် Diamond Aircraft Industry သို့ သွားရောက် ကြည့်ရှု လေ့လာသည်။
Diamond Aircraft
Industry ထုတ် လေယာဉ်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များအား တာဝန် ရှိသူများက
အသေးစိတ် ရှင်းလင်းပြသရာ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့မှ တာဝန်
ရှိသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်သည် Diamond Aircraft Industry မှ ထုတ်လုပ်သည့် DA-62 လေယာဉ်ဖြင့် လည်းကောင်း၊
အခြားအဖွဲ့ဝင် များသည် ကုမ္ပဏီထုတ် လေယာဉ်များဖြင့် လည်းကောင်း ဗီယင်နာမြို့ တစ်ဝိုက်လှည့်လည်
ပျံသန်း ကြည့်ရှု၍ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် Diamond Aircraft Industry ၏ CEO
ဖြစ်သူ Mr. Christian Dries နှင့်ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment