နေပြည်တော် ဧပြီ ၂၅
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ
ဗီယက်နမ် သံအမတ်ကြီး H.E. Dr. Luan Thuy
Duong အား ယနေ့နံနက်
၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု
တိုးမြှင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးအေးသာအောင်၊ အမျိုးသား လွှတ်တော် အစိုးရ မဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ
ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဦးနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment