Tuesday, April 25, 2017

ဂန့်ဂေါတွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့


ဂန့်ဂေါ ဧပြီ ၂၅
ဂန့်ဂေါမြို့နယ်တွင် ဧပြီ ၂၂ ရက်က ကျေးရွာအုပ်စု ၁၂ အုပ်စု၌ လေပြင်းတိုက်ခတ်သွားရာ အဆိုပါ လေပြင်း တိုက်ခတ်သဖြင့် ပျက်စီးသွားသည့် လေဘေးသင့်ပြည်သူများထံ မကွေးတိုင်းဒေသကြီး ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ဧပြီ ၂၄ ရက်တွင် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ် သည်။

ထိုသို့ ပေးအပ်ရာတွင် စပယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ပြုလုပ်သည့် ထောက်ပံ့ပေးအပ်ပွဲ၌ ပနန်း၊ ယင်းမာ၊ စင်ပုံ၊ စပယ် ကျေးရွာများမှ အိမ်ထောင်စု ၁၇၃ စုအတွက် ငွေကျပ် စုစုပေါင်း ၈၆၅၀၀၀၀ ကျပ်၊ လူဦး ရေ ၇၉၉ ဦးအတွက် ၇ ရက်စာဆန်ဖိုးငွေ ၁၆၇၇၉၀၀ ကျပ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်းအတွက် ငွေကျပ် ၃၀၀၀၀၀ ကျပ်တို့အား ထောက်ပံ့ပေးခဲ့ပြီး ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှူး တို့နှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ထို့ပြင် အဆိုပါနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်စု ၈ အုပ်စုရှိ ကျေးရွာပေါင်း ၁၁ ခုမှ လေဘေးသင့်အိမ်ထောင်စု ၆၇ စုအတွက် ထောက်ပံ့ပစ္စည်း လေးမျိုးနှင့်အတူ တစ်အိမ်ထောင်လျင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၃၃၅၀၀၀၀ ကျပ်၊ လူဦးရေ ၂၇၀ ဦးအတွက် ဆန်ဖိုးငွေ ၅၆၇၀၀၀ ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း အတွက် ငွေကျပ် ၂၀၀၀၀၀ ကျပ်တို့ ထောက်ပံ့ပေးအပ်ခဲ့ သည်။
ထို့နောက် ဧပြီ ၂၂ ရက်က မီးလောင်မှုဖြစ်ပွါးခဲ့သည့် စည်ပင်သာယာရပ်ကွက်မှ အိမ်ထောင်စု ၂ စုရှိ လူဦးရေ ၁၄ ဦးအတွက် ၇ ရက်စာ ဆန်ဖိုးငွေ ၂၉၄၀၀ ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၃၀၀၀၀၀ ကျပ် တို့နှင့် ပလပ်စတစ်ပုံးအပါအဝင် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်ဦးစီးဌာန

No comments:

Post a Comment