မိတ္ထီလာ၊ဧပြီ ၂၅
မိတ္ထီလာမြို့နယ်၌
အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်မှ တပ်တွင်း တစ်ပိုင်းတစ်နိုင်စိုက်ပျိုး၊ မွေးမြူ ထားသည့်
အသား၊ကြက်ဥနှင့် သန့်ရှင်းလတ်ဆက်သော ဟင်းသီးဟင်းရွက်များကို ဧပြီလ ၂၄ ရက်နေ့ နံနက်
၉နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးဝင်းအတွင်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်မှ တပ်တွင်း
တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူထားသည့် ကြက်သား ၊ ကြက်ဥနှင့် သန့်ရှင်းလတ်ဆက်သော
ဟင်းသီးဟင်းရွက်များကို မိတ္ထီလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို
ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ ကြက်သားတစ်ပိဿာကို ငွေကျပ်(၄၀၀၀)နှုန်း ဖြင့်
လည်းကောင်း၊ ကြက်ဥတစ်လုံးကို ငွေကျပ်(၉၅)ကျပ်နှုန်းဖြင့် လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့်
ရောင်းချပေးခဲ့သလို သန့်ရှင်းလတ်ဆက်သော ဟင်းသီးဟင်းသီးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့်
ရောင်းချပေးခဲ့ကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
No comments:
Post a Comment