ကောလင်း ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်
လာကာကျေးရွာအုပ်စု၊ လာကာကျေးရွာအနီး ဘိုးမင်း တောင်တွင် ဧပြီ ၂၃ ရက်နေ့တွင် လာကာကျေးရွာ
ဒေသခံတစ်ဦးမှ ရွှေပါရှိသည့် ကျောက်တုံးကို တွေ့ရှိ၍
ဆက်လက် တူးဖော်ရာမှ ကျောက်ရွှေကြောဖြစ်နေကြောင်း သိရ သည်။
အဆိုပါ ရွှေကြောအား ဒေသခံပြည်သူ ၃၀၀ကျော်ခန့်က အလှည့်ကြတူးဖော်ခဲ့ကြပြီး ယခုအခါ
မလိုလား အပ်သော အန္တရာယ်များဖြစ်ပေါ်လာနိုင် သောကြောင့် တူးဖော်မှုအား သက်ဆိုင်ရာ အဖွဲ့အစည်းများက
တားမြစ် ထားကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment