လွိုင်ကော် ဧပြီ
၁၈
ကယားပြည်နယ်သို့
လာရောက်လည်ပတ်သည့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များမှာ ကယားပြည်နယ်အတွင်းရှိ အထင်ကရနေရာများသို့
သွားရောက်လည်ပတ်ကြပြီး ကယားပြည်နယ် လွိုင်ကော်မြို့ လွိုင်လင်လေးကျေးရွာအုပ်စု ထီးစဲခါးကျေးရွာရှိ
ရေတံခွန်သို့ အပန်းဖြေလာရောက်ကာ ထီးစဲခါးရေတံခွန်မှာ ယခင်နှစ်ကထက် စည်ကားလျက်ရှိကြောင်း
သိရသည်။
အဆိုပါထီးစဲခါးရေတံခွန်မှာ
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့ နယ်နိမိတ်ချင်း ထိစပ်နေသည့်နေရာတွင်တည်ရှိပြီး
အလွန်သာယာလှပ၍ အလွယ်တကူသွားလာနိုင်သည့် သဘာဝရေတံခွန်ဖြစ်သည်။ ကယားပြည်နယ် လွိုင်ကော်မြို့နှင့်
ခုနစ်မိုင်ခန့်ကွာဝေးကာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ မိုင် ၉ဝ ခန့်ကွာဝေးပြီး စီးဆင်းနေသောရေမှာလည်း
ကြည်လင်အေးမြလျက်ရှိရာ ရပ်ဝေးရပ်နီးမှ အပန်းဖြေခရီးသွားဧည့်သည်များဖြင့် ယခင်နှစ်ကထက်
စည်ကားလျက်ရှိကြောင်းသိရှိရသည်။
အပန်းဖြေလာရောက်ရန်မဟုတ်ဘဲ
ထီးစဲခါးရေတံခွန်ရှိ ဘုန်းတော်ကြီးကျောင်းတွင်လည်း သီလယူသူများလည်းရှိပြီး ရေတံခွန်ဝန်းကျင်တွင်
စေတီပုထိုးများ ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့်
အပန်းဖြေသူများ ဘေးအန္တရာယ်ကင်းရှင်းအောင် လုံခြုံရေးရဲများထားရှိပေးထားသည့်အတွက် အပန်းဖြေလာရောက်သည့်
ရပ်ဝေးရပ်နီးဧည့်သည်များ အနေဖြင့်လည်း များစွာအဆင်ပြေလျက်ရှိသည်။
ကိုစိုင်း(လွိုင်ကော်)

No comments:
Post a Comment