မိုးကောင်း ဧပြီ
၁၈
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်
ထုံးရေပေါက်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းက ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့်
ကျေးရွာမှ လှူဒါန်းငွေကျပ် ၁၂ သိန်း သုံးသောင်းကျော် စုပေါင်းကာ ကိုယ်ထူကိုယ်ထ
စာကြည့်တိုက်
ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန
ဦးစီးမှူး ဦးလိန်းမာန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးဝေဖြိုးကျော်တို့က
အမှာစကား ပြောကြားကာ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အဆောက်အအုံသည်
အလျား ၂၄ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၂ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ်ဖြစ်သည်။ ဓူဝံကြယ်သည်
လမ်းပျောက်သူများအား လမ်းမှန်ကိုပြပေးသော သင်္ကေတဖြစ်သောကြောင့် စာပေဖြင့်လမ်းမှန်ကို
သိရှိနိုင်ရန် ဓူဝံကြယ်အမည်ပေးခြင်းဖြစ်ကြောင်း အဆိုပါစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။
ဝင်းနိုင်(ကချင်မြေ)

No comments:
Post a Comment