Wednesday, April 19, 2017

မက္ကဆီကိုပြည်ထောင်စုနိုင်ငံသမ္မတထံသို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းမှ ခန့်အပ်လွှာပေးအပ်ခဲ့ခြင်း။


မက္ကဆီကိုပြည်ထောင်စုဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းသည် ၄င်း၏ ခန့်အပ်လွှာကို မက္ကဆီကိုပြည်ထောင်စု၊ သမ္မတ H.E. Mr. Enrique Pena Nieto ထံသို့ ၁၁-၄-၂၀၁၇ ရက်နေ့တွင် မက္ကဆီကိုစီးတီးမြို့တော်ရှိ သမ္မတအိမ်တော်၌ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်သည့် အခမ်းအနားတွင် မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် အတူ မက္ကဆီကိုပြည်ထောင်စုသမ္မတ H.E. Mr. Enrique Pena Nieto ထံသို့ မော်ရိုကို၊ အီရန်၊ ဘိုလီးဗီးယား၊ အီတလီ၊ ကျူးဘား၊ ထိုင်း ၊ အိုက်စလန်၊ နီပေါ၊ ဆီနီဂေါ၊ တန်ဇေးနီးယား၊ ဘော့စဝါနာ၊ အန်ဒိုရာ၊ စိန့်ဗင်းဆင့်နှင့် ဂရက်နဒိုင်း၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံတို့မှ သံအမတ်ကြီးများက လည်း ခန့်အပ်လွှာများပေးအပ် ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်း/ ဓါတ်ပုံ - အဖွဲ့ရုံး၊ နယူးယောက်မြို့။
Ref;Ministry of Foreign Affairs Myanmar

No comments:

Post a Comment