နေပြည်တော် ဧပြီလ ၂၃
(၁၉-၄-၂၀၁၇)
ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွဆုံပြင်ကျေးလက် ကျန်းမာရေးဌာနအပိုင်
ညောင်ချောင်း၊ ဘွေးဝ၊ နေပဆေး၊ ဝင်ဝနှင့် လုံးတုံကျေးရွာ (၅) ရွာ တို့တွင် လူ (၁၀၀)
ကျော်ခန့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့ပြီး နေပဆေးကျေးရွာမှ အသက် (၄၇) နှစ်အရွယ်
အမျိုးသမီး (၁) ဦးသေဆုံးခဲ့ကြောင်း
သတင်းရရှိသဖြင့် (၁၉-၄-၂၀၁၇) ရက်နေ့တွင် ဒါးလက်တိုက်နယ်ဆရာဝန်၊
ဒေါက်တာဇော်သန့်အောင် ဦးဆောင်သော ကွင်းဆင်းအဖွဲ့၊ (၂၀-၄-၂၀၁၇) ရက်နေ့ တွင် အမ်းမြို့နယ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာတင်အောင်ဝင်း ဦးဆောင် သောကွင်းဆင်းအဖွဲ့၊ (၂၁-၄-၂၀၁၇)
ရက်နေ့တွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ရောဂါတိုက်ဖျက်ရေးဆရာဝန်များဖြစ်သည့်
ဒေါက်တာ စံလင်းနှင့် ဒေါက်တာ စိုးဝင်းပိုင်တို့ ဦးဆောင်သော ကွင်းဆင်းအဖွဲ့တို့မှ ရောဂါဖြစ်ပွားရာကျေးရွာများသို့
ကွင်းဆင်းပြီး ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးခြင်း၊ လူနာသစ်ရှာဖွေခြင်းနှင့်
ယာယီ ဆေးခန်းဖွင့်လှစ်၍ ဆေးကုသ မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး (၂၃-၄-၂၀၁၇) ရက်နေ့တွင်
ဆက်သွယ်မေးမြန်းချက်အရ လူနာအားလုံး သက်သာ ကောင်းမွန်လျက်ရှိကြောင်း ကနဦးသတင်းရရှိပါသည်။
No comments:
Post a Comment