Sunday, April 23, 2017

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် အစာအဆိပ်သင့်ဖြစ်ပွားမှုအား ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဧပြီလ ၂၃

(၂၂-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်း၌ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွဲကျေးလက် ကျန်းမာရေးဌာန၊ သဘော့လိပ်ကျေးရွာ အလှူပွဲတွင် ကျွေးမွေးသော ထမင်း၊ ကြက်သားအာလူးချက်၊ ကင်းမွန်ကြော်၊ ငါးချဉ်သုပ်တို့အား (၂၂-၄-၂၀၁၇) ရက်နေ့၊ နံနက် (၆း၃၀) နာရီအချိန်ခန့်တွင် လူ (၇၀) ဦး ခန့်စားသုံးခဲ့ကြပြီး
နံနက် (၈း၀၀) နာရီအချိန်မှစ၍ စားသုံးခဲ့ သူများအနက်မှ သံဃာ (၈) ပါး၊ လူ (၂၀) ဦး စုစုပေါင်း (၂၈) ဦးသည် ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း ရောဂါလက္ခဏာများခံစား ခဲ့ရကြောင်း ၎င်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲရှိ သားဖွား ဆရာမမှ ဖုန်းဆက်အကြောင်းကြားလာသဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းထိုက် ဦးဆောင်သော ကွင်းဆင်းအဖွဲ့မှ ဝဏ္ဏသီရိ ဘုန်းတော်ကြီးကျောင်းတွင် (၂၂-၄-၂၀၁၇) ရက်နေ့၊ နံနက် (၈း၃၀) နာရီအချိန်ခန့်မှ စတင်ကာ ယာယီဆေးခန်းဖွင့်လှစ်၍ ဆေးကုသ မှုပေးခဲ့ပါသည်။ ကွင်းဆင်းအဖွဲ့သည် ရောဂါဖြစ်ပွားရာနေရာများတွင် စနစ်တကျလက်ဆေးခြင်း၊  တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အစားအသောက်များအား သန့်ရှင်းမှုဖြင့် ပြင်ဆင်ချက်ပြုတ်တတ်စေရေး ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူနာများ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်။

No comments:

Post a Comment