Wednesday, April 19, 2017

ဝေရောစနကျောက်စိမ်းစေတီတော်မြတ်အား လာရောက်ဖူးမြော်ကြည်ညိုသူများ တိုးမပေါက်အောင်စည်ကား



အမရပူရ ဧပြီ ၁၈

မြန်မာနှစ်ဆန်း၁ ရက်နေ့တွင် မ္တလေး ခရိုင် အမရပူရမြို့နယ် မန္တလေး- အမြန် ကားလမ်းမအနောက်ဘက် ဆင်ရွာ မြင်းမှူးရှိ '' ဝေရောစန'' ကျောက်စိမ်း စေတီတော်တွင် နံနက်ပိုင်းမှ ညပိုင်း အထိ မ္တလေးမြို့နှင့် အနယ်နယ်အရပ် ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူပြည်သူ များ၊ တရားအားထုတ်သူများက ကားကြီး ကားငယ် ဆိုင်ကယ်တို့ဖြင့် မိုးရွာသွန်း သည့်ကြားမှ လာရောက်ကာ ကျောက် စိမ်းဘုရားအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ကာ အလှူငွေများ ထည့်ဝင်လှူဒါန်း ကြရာ ဘုရားဖူးလာပြည်သူများ တိုးမပေါက်အောင် အထူးစည်ကားလျက် ရှိကြောင်း တွေ့ရသည်။

အလှူရှင် ကျောက်စိမ်းဘုရားဒါယကာ ဦးစိုးနိုင်နှင့် မိသားစုများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ နှင့် စေတနာရှင် အလှူရှင်များကလည်း ဘုရားဖူးလာပြည်သူများအား ဖျော်ရည်၊ အအေး၊ ရွှေရင်အေးတို့ဖြင့် စတုဒိသာ ကျွေးမွေးဧည့်ခံကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment