ကလေး ဧပြီ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ညနေပိုင်းတွင် ကလေးမြို့သို့ ရောက်ရှိပြီး
ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည်
ခရိုင်ပြည်သူ့စာကြည့်တိုက်၏ စာဖတ်ပရိသတ်နှင့်စာအုပ်ငှားရမ်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး
ပြတိုက်ငယ်(Museum)အတွင်း ပြသထားရှိသည့် ရှေးဟောင်းချင်းရိုးရာ အသုံးအဆောင်ပစ္စည်းများကို
ကြည့်ရှုလေ့လာကာ Community Centre နှင့် ကလေးစာဖတ်ခန်း ပြင်ဆင်ထားရှိမှု အခြေအနေကို စစ်ဆေးပြီး
လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
မှာကြားကာ ဝန်ထမ်းသားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ် များ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ညနေ ၆ နာရီတွင် ကလေးကိုယ်ပွားသတင်းစာတိုက်သို့ ရောက်ရှိရာ တာဝန်ခံအရာရှိက ကလေးကိုယ်ပွားသတင်းစာတိုက်မှ
သတင်းစာဖြန့်ချိနေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို
ဖြည့်စွက်မှာကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေပေး အပ်ကာ ကိုယ်ပွားသတင်းစာတိုက်အတွင်း
လှည့်လည်ကြည့်ရှုသည်။
ထို့နောက်
MRTV ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိရာ တာဝန်ခံအရာရှိက ရုပ်မြင်သံကြားထပ်ဆင့်ထုတ် လွှင့်မှုအခြေအနေနှင့်
ကနေဒီထပ်ဆင့်လွှင့် စက်ရုံမှ DVB,T-2 ဒစ်ဂျစ်တယ်စနစ်ဖြင့် ထပ်ဆင့်ထုတ်လွှင့်နေမှုများကို
ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များမေးမြန်းပြီး လုပ်ငန်းလိုအပ်ချက်များကို
ဖြည့်စွက် မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်သည်။
(သတင်းစဉ်)

No comments:
Post a Comment