ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊
အ.ထ.က(၃) စန္ဒကူးခန်းမတွင် ဧပြီလ(၂၄)ရက်နေ့၊ နံနက်(၉) နာရီအချိန်တွင် ဓညဝတီရေတပ်ဌာနချုပ်၏
ရေကြောင်းလူငယ် အခြေခံ/သင်တန်းအမှတ်စဉ်(၁/၂၀၁၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို ဓညဝတီရေတပ်ဌာနချုပ်
ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဉီးမှအဖွင့် အမှာစကားပြောကြားခဲ့ရာ ဒီနေ့ဟာကျွန်တော်တို့
နိုင်ငံနဲ့တပ်မတော် (ရေ) အတွက် မင်္ဂလာအပေါင်းနဲ့ ပြည်စုံပြီးအားသစ်လေင်းတဲ့ နေ့တစ်နေ့ပဲ
ဖြစ်ပါကြောင်း၊ ယနေ့ဒီအချိန်မှာ အခြားရေတပ်စခန်း ဌာနချုပ်တွေဖြစ်တဲ့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊
ဧရာဝတီ ရေတပ် စခန်းဌာနချုပ်၊ မောရာဝတီရေတပ်စခန်းဌာနချုပ်၊ တနင်္လာရီရေတပ်စခန်းဌာနချုပ်
တွေမှာလည်းရေကြောင်း လူငယ် သင်တန်းများကို တစ်ချိန်တဲတစ်ပြိုင်တည်း ဖွင့်လှစ်နေကြပြီဖြစ်ပါတယ်
ယခင်ကဒီသင်တန်းကိုတပ်မတော် (ရေ) ရဲညွှန့် လောင်းသင်တန်းဆိုပြီး ဖွင့်လှစ်ခဲ့ပါကြောင်း၊
ယခုသင်တန်းကို ၂၀၁၄ ခုနှစ်မှစ၍ တပ်မတော်ကာကွယ် ရေးဉီးစီးချုပ်ရဲ့ လမ်းညွှန်ချက်အရရေကြောင်း
လူငယ်အခြေခံသင်တန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အမှတ်စဉ်(၁/၂၀၁၄) ရေတပ်ဌာနချုပ်
(၅) ခုမှ သင်တန်းသား/သူစုစုပေါင်း (၁၈၀)ဉီး၊
အမှတ်စဉ်(၁/၂၀၁၅)ကို သင်တန်းသား/သူ စုစုပေါင်း (၃၅၀)ဉီး၊ အမှတ်စဉ်(၁/၂၀၁၆)ကို
သင်တန်းသား/သူ စုစုပေါင်း(၃၅၀)ဉီး၊ယခုနှစ်မှာ ရေတပ်ဌာနချုပ်(၅)ခု မှစခန်း(၇)ခုခွဲ၍
အမှတ်စဉ်(၁/၂၀၁၇)ကို သင်တန်းသား/သူစုစုပေါင်း (၃၅၀) ဉီးဖြင့် ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ အခုဖွင့်လှစ်သော ရေကြောင်းလူငယ်သင်တန်းကနေ
သင်တန်းသား/သူတွေကို စစ်ရေးပြဘာသာရပ်၊ ရေကူးဘာသာရပ်၊ ရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန်ဘာသာရပ်နဲ့
နက္ခတ္တဗေဒဘာသာရပ်၊ GPS အသုံးပြု၍ ရေလမ်းကြောင်း သွားလာရေး ဘာသာရပ်၊ အချက်ပြဆက်သွယ်ရေးဘာသာရပ်၊
လှေလှော်ရွက်တိုက် ဘာသာရပ် စတာတွေကိုသင်ကြားပို့ချ သွားမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့်
သင်တန်းမှပို့ချသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ တတ်မြောက်ကျွမ်းကျင်အောင် သင်ယူကျစေလိုပါကြောင်း၊
ဒါမှနိုင်ငံတော်အတွက် အကျိုးပြုနိုင်သော အသိပညာရှင် အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြပါဟုပြောကြားခဲ့ပြီး၊
သင်တန်းကာလအနေဖြင့် ဧပြီလ (၂၄) ရက်နေ့မှ မေလ (၁၉) ရက်နေ့အထိ ပိတ်ရက်မရှိ သင်တန်းပို့ပေးမည်ဖြစ်ပါကြောင်း
ပြောခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားကို
တက်ရောက်လာကြသော ခရိုင်စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဉီးသန်းထွဋ်ဉီး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
ဉီးညီညီလင်း၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်းတန်းသာ/သူများ၊ သင်တန်းသား/
သူများ၏မိဖများ၊ တပ်မတော်မအရာရှိစစ်သည်များနှင့် မြို့မိ/မြို့ဖများကရေကြောင်း လူငယ်သင်တန်း
လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများနှင့် သင်တန်းဆိုင်ရာပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ကြပြီး
အခမ်းအနားပြီးမြောက် ခဲ့ကြောင်း သိရှိရပါသည်။
(ခရိုင်ပြန်/ဆက်)

No comments:
Post a Comment