သထုံ၊ ဧပြီ ၂၄
မွန်ပြည်နယ်၊ သထုံမြို့၊
ဘင်လှိုင်ရပ်ကွက်ရှိ စားသောက်ဆိုင်အခန်းတစ်ခုတွင် လာရောက်စားသောက်နေသူ တစ်ဦးထံမှ ဧပြီလ
၂၃ ရက်နေ့၊ ညပိုင်းက WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြားများနှင့်အတူ ဆက်စပ်ပစ္စည်းများကို
ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ
ရဲအုပ်အောင်သူ ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ
ဧပြီလ ၂၃ ရက်၊ ည ၁၀ နာရီ အချိန်ခန့်က ဘင်လှိုင်ရပ်ကွက်ရှိ အောင်သစ္စာ စားသောက်ဆိုင် တွင်
မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက် ရှာဖွေခဲ့ရာ စားသောက်ဆိုင်၏ အခန်းတစ်ခုအတွင်း ကျော်ကျော်
(၄၂) နှစ်၊ (ဘ) ဦးချစ်တင်၊ ရုံးကြီးလမ်း၊ နန်းခဲရပ်ကွက်နေသူ၏အခန်းစားပွဲပေါ်ရှိ
Red Ruby ဆေးလိပ်ဘူးအတွင်းမှ အအေး စုပ်ပိုက် အပိုင်း(၃)ပိုင်းအတွင်းထည့်ထားသည့် WY
စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂၃ ပြား နှင့် ၎င်းဝတ်ဆင်ထားသည့် ဦးဂျမ်းတံဆိပ်ပါ
မဲပြာရောင်ပုဆိုးအတွင်းဘက်တွင် တိတ်ဖြင့် ထပ်ကပ် ထားသည့် စက္ကူခေါက်အတွင်းရှိ အအေးစုပ်ပိုက်
(၃)ပိုင်း အတွင်းထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား
၅၃ ပြား၊ အလေးချိန်(၅.၃)ဂရမ်ခန့်နှင့် မူးယစ်ဆေး သုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတို့ကို
သိမ်းဆည်းရမိခဲ့ ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍
စိတ်ကြွမူးယစ်ဆေးပြားများအား လက်ဝယ်တွေ့ရှိသုံးစွဲသူ ကျော်ကျော်အား သထုံမြို့မ ရဲစခန်းမှ
မယ(ပ)၃/၂၀၁၇၊ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူစစ်ဆေးနေကြောင်း
သိရသည်။
သထုံ/ပြန်ဆက်

No comments:
Post a Comment