Wednesday, April 19, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်

ရန်ကုန် ဧပြီ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့် လူမှုရေးရာနှင့် အလုပ်အကိုင်ရရှိရေးရာ ၀န်ကြီး H.E. Mr. LodewijkAsscher ၏ ဖိတ်ကြားချက်အရ နယ်သာလန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် န်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ၀န်ကြီးဌာနများမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ စကစ်ပိုလေဆိပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Robert Marie Jurg ens နှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်သာလန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးပေါ်လွင်စိန် နှင့် ဘရတ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment