နေပြည်တော် ဧပြီ ၁၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဦးစီး၍ နိုင်ငံ့ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရေးဆိုင်ရာ
ဒုတိယအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး၊
ရုံးအမှတ် (၂၆) ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက
လက်ရှိအစိုးရအနေဖြင့် အငြိမ်းစား ဝန်ထမ်းများနှင့်
နေအိမ်အခက်အခဲရှိသော ပြည်သူများအတွက် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် တန်ဖိုးသင့်၊
တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်၍ နေရာချထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူတို့၏ နေထိုင်မှုဘဝ အဆင်ပြေစေရေးအတွက် လူနေအိမ်ရာများ
တည်ဆောက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော
ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ နေအိမ်အခက်အခဲ မရှိစေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန
အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဘဏ်များ၊
ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊
တိုင်းဒေသကြီး/ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊
မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ
တာဝန်ရှိသူများက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ နေထိုင်မှုအဆင်ပြေစေရန် တန်ဖိုးသက်သာမှု ရှိသော
အိမ်ခန်းများကို တည်ဆောက်ပေးပြီး နှစ်ရှည်အရစ်ကျပေးချေမှုစနစ်ဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည့်
အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံ့ဝန်ထမ်းများ မိမိတို့၏အလုပ်အပေါ်
တန်ဖိုးထားဂုဏ်ယူစေခြင်းနှင့် အဂတိလိုက်စား မှုကင်းရှင်းစေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်
ဖြစ်ကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment