နေပြည်တော် ဧပြီ-၁၉
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၉၇/၃ နှင့် ၄ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း နိုင်နိုင်ဝင်း မောင်းနှင်လာသော ADVAN (အဖြူရောင်) မော်တော်ယဉ်မှာ ယနေ့နံနက် တစ်နာရီမထိုးခင်က ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါအမျိုးသားသုံးဦးမှာ
ထိခိုက်မှုမရှိသော်လည်းယာဉ်မှာ ကျပ်နှစ်သိန်းဘိုးခန့် ပျက်စီးသွားသည်။ သို့ပါ၍ ယာဉ်ကိုမဆင်မခြင်
ပေါ့ဆစွာမောင်းနှင်သော ယာဉ်မောင်းအား ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရအရေးယူထားကြောင်း သိရသည်။
ထို့အတူ မဟာသင်္ကြန်ကာလ၌ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှု ၁၇ မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူး ရန်နိုင်ကပြောကြားသည်။ ဖြစ်ပွားခဲ့သော မော်တော်ယာဉ်များမှာ Express တစ်စီး၊ light truck
တစ်စီး၊
ကိုယ်ပိုင်ယာဉ် ရှစ်စီး။ ဆိုင်ကယ် ခုနှစ်စီး တို့ဖြစ်သည်။ ယင်းဖြစ်စဉ်များကြောင့်သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးတို့ဖြစ်ကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)

No comments:
Post a Comment