Monday, April 24, 2017

ဂဟေဆော်သည့် ဂေါက်တံအား ငါးထပ်သားပေါ်တင်ထားမိသဖြင့် မီးလောင်မှုဖြစ်ပွား

မကွေး ဧပြီ ၂၄
မကွေးမြို့ ရွာသစ်ရပ်၊ ပြည်တော်သာလမ်း၊ ဟိန္ဒုဘုရားကျောင်းအနီး ပိုင်ရှင်ဦးသန်းထွန်းအောင်၏ (၁၀x၂၀ပေ)ခန့် သွပ်မိုး၊ အုတ်ကု၊ အုတ်ခင်း၊ မြေစိုက် ကောင်းသစ်တံဆိပ်နှင့် ဘလောက်လုပ်ငန်းဆိုင်သည် ယနေ့နံနက်(၂း၂၀)ခန့်က ဂဟေဆော်သည့် ဂေါက်တံအား အောက်ခံငါးထပ်သားပေါ်တင်ထားမိသဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါမီးလောင်သည့်နေရာသို့ မကွေးတိုင်းမီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၃)စီး စုစုပေါင်းမီးသတ်ယာဉ်(၁၀)စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ (၂း၃၀)နာရီတွင် မီးလုံးဝငြိမ်း ခဲ့ပါသည်။
ယင်းမီးလောင်မှုကြောင့် Acer တံဆိပ် ကွန်ပျုတာမော်နီတာ(၁)လုံး၊ ပုံစံသွင်းစက်(၁)လုံး၊ တံဆိပ်တုံးလုပ် လေဆာစက်(၁) လုံး မီးလောင်ခံရပြီး ခန့်မှန်းတန်ဖိုးကျပ်(၃၀၀၀၀၀ိ/)ခန့်ဆုံးရှုံးခဲ့ပြီး လူတိရစ္ဆာန်ထိခိုက်ဒဏ်ရာ သေဆုံးခြင်းမရှိကြောင်း သိရသည်။ မီးလောင်မှုခဲ့သည့်အတွက် ပိုင်ရှင် ဦးသန်းထွန်းအောင်အား  မကွေးမြို့မ ရဲစခန်းမှ (ပ)၂၃၆/၂၀၁၇၊ (ပ)၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment