လွိုင်ကော် ဧပြီ ၂၄
ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး
(လေ)၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တို့ ပူးပေါင်းစီစဉ်ဖွင့်
လှစ်သော လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂ဝ၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို
ဧပြီလ (၂၄)ရက်နေ့၊ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်
ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး လွိုင်ကော်တပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက
လေကြောင်းလူငယ်အခြေခံ သင်တန်းအမှတ်စဉ်(၁/၂ဝ၁၇) သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍
ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က
လေကြောင်းလူငယ် အခြေခံသင်တန်းအတွက် ထောက်ပံ့ငွေကျပ် သိန်း(၅ဝ)ပေးအပ်ရာ တောင်ငူလေတပ်စခန်းဌာနချုပ်မှ
ဗိုလ်မှူးကြီး မျိုးရန်ပိုင်က လက်ခံရယူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဧည့်သည်တော်များက သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး
သင်ထောက်ကူပစ္စည်းများ ကြည့်ရှုလေ့လာကြသည်။
လွိုင်ကော်မြို့တွင်
ဖွင့်လှစ်သည့် လေကြောင်းလူငယ်အခြေခံသင်တန်း (၁/၂ဝ၁၇) သင်တန်းတွင် ကယားပြည်နယ်အတွင်းရှိ
သင်တန်းသား၊ သင်တန်းသူ (၄ဝ)ဦးတက်ရောက်ပြီး ယနေ့မှစ၍ မေလ(၂ဝ)ရက်နေ့အထိ သင်တန်းကာလ(၄)
ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလ၏ စတုတ္ထပတ်တွင် သင်တန်းသားများအား
လေယာဉ်ထုတ်လုပ်ပြင်ဆင် ရေးဌာနချုပ် (မင်္ဂလာဒုံ)၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ အမှတ်(၇၄)ရေဒါအုပ်၊
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများသို့ လေ့လာရေးခရီးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊
လေကြောင်းလူငယ်သင်တန်းစခန်း(၉)ခုနှင့် အခြားမြို့များမှ သင်တန်း(၄)ခုအပါအဝင် စုစုပေါင်းသင်တန်း(၁၃)ခုမှ
သင်တန်းသား၊ သင်တန်းသူများ၏ Radio Control /
Remote Control လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်မှုပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်
ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊
ကျောင်းသူ(၄)ဦးအား ၂ဝ၁၈ ခုနှစ် မင်္ဂလာဒုံလေတပ်စခန်း၌ ဖွင့်လှစ်မည့် လေကြောင်းလူငယ်တန်းမြှင့်သင်တန်းသို့
တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်

No comments:
Post a Comment