ငါးသိုင်းချောင်း၊ ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ သောင်ကြီးကျေးရွာအုပ်စု သောင်ကြီးရွာအထက်ပိုင်း
ငဝန်မြစ် ကမ်းဘေးတစ်လျှောက် ဧပြီလ(၁၉)ရက်နေ့မှစတင်၍ မြစ်ကမ်းပါးများပြိုကျမှုကြောင့်
ကမ်းပြိုအန္တရာယ်ရှိသော မြစ်ကမ်းပါး ရှိနေအိမ် (၉)လုံး/အိမ်ထောင်စု(၉)စု/လူဦးရေ (၄၂)ဦးအား
ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းပေးခဲ့ရပြီး လက်ရှိအချိန် တွင် ကျေးရွာအတွင်းရှိ
ဆွေမျိုးသားချင်းနေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဧပြီလ
၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး/ပုသိမ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး
ဦးလူမော်တို့ဦးဆောင်သော သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက အဆိုပါကျေးရွာသို့ရောက်ရှိခဲ့ပြီး
မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၉) စုအတွက် တစ်အိမ်ထောင်လျှင်
ငွေကျပ် (၁၀၀၀၀၀) / လူဦးရေ (၄၂) ဦးအတွက် / လူတစ်ဦးလျှင် တစ်ရက်စာ (၃၀၀) ကျပ်နှုန်းဖြင့်
(၇) ရက်စာ (၂၁၀၀) ကျပ်နှုန်း/ တစ်အိမ်ထောင်လျှင် ပုဆိုးတစ်ထည်/ လုံချဉ်(၁)ထည်/ ဆပ်ပြာ(၃)တုံး
/မျက်နှာသုတ်ပုဝါအကြီး(၁)ထည် စုစုပေါင်းကာလတန်ဖိုး (၁၀၄၂၂၀၀)ကျပ်အား လာရောက်ထောက်ပံ့
ပေးအပ်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေမှူးနှင့် ဒေသခံပြည်သူများမှ ကမ်းပြိုအန္တရာယ်ကို
ဆက်လက် သတိထား စောင့်ကြည့်လျှက် ကမ်းပြိုအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးကြိုတင်ပြင်ဆင်
ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
စိုးမင်းဦး(ပြန်/ဆက်)

No comments:
Post a Comment