တာချီလိတ် ဧပြီ ၂၀
ရှမ်းပြည်နယ်
(အရှေ့ပိုင်း) တာချီလိတ်ခရိုင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့ဧပြီ ၂၀
ရက်၊ နံနက် ၁၀ နာရီ အချိန်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်ကြောင်းသိရသည်။ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ
ဦးတင်ဝင်းရွှေက ခရိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့်
စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊
ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊
တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်၍ ကဏ္ဍအလိုက်ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲ၌ နိုင်ငံရေးကဏ္ဍတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို
အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများအလိုက်
ခံစားသင့်ခံစားထိုက်သော အခွင့်အရေးနှင့် လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့် အရေးကိစ္စရပ်များ၊
စီးပွားရေးကဏ္ဍတွင် ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊
မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များအား အကြောင်းအရာအလိုက် ဆွေးနွေးခဲ့ကြောင်း
သိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:
Post a Comment