နေပြည်တော် မတ် ၁၆
တက္ကသိုလ်ဝင်စာမေးပွဲ
ပထ၀ီဝင်ဘာသာကို နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနပေါင်း (၈၁၄)ခုနှင့် နိုင်ငံခြားစာစစ်ဌာန
(၁၇)ခု စုစုပေါင်း (၈၃၁) ခုတို့၌ ယနေ့နံနက် (၉)နာရီတွင် စတင်ဖြေဆိုရာ ဖြေဆိုခွင့်ရှိသူ
(၈၁၅၂၇) ဦးရှိသည့်အနက် (၇၃၉၃၁)ဦး ဖြေဆိုခဲ့ကြပြီး (၇၅၉၆)ဦး ဖြေဆိုရန် ပျက်ကွက်သဖြင့်
ဖြေဆိုသူ (၉၀ ဒသမ ၆၈) ရာခိုင်နှုန်း ဖြစ်သည်။
တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ(၁၈)ဦး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်း ဒေသကြီးတို့၌ ဆွံ့အနားမကြားဖြေဆိုသူ (၂)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ
တွင် ကိုယ်လက်အင်္ဂါမသန်စွမ်းဖြေဆိုသူ (၁၂)ဦး၊ အကျဉ်းထောင်နှင့် အချုပ်များတွင် ဖြေဆိုသူ
(၃)ဦးရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသတွင် ဖြေဆိုရန် (၉)ဦး စာရင်းသွင်းထားသော်လည်း
အထက (၂) တပ်ကျောင်းတွင် (၂)ဦး၊ ကွမ်းလုံစာစစ်ဌာနတွင် (၄)ဦး စုစုပေါင်း (၆)ဦး ဖြေဆိုကြသည်။
(သတင်းစဉ်)
No comments:
Post a Comment