နေပြည်တော် မတ် ၁၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏
အထူးကိုယ်စားလှယ်အဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည်
ရုရှားနိုင်ငံ မော်စကိုမြို့သို့ သွားရောက်ခဲ့ပြီး ရုရှားအမျိုးသားလုံခြုံရေးကောင်စီ
အတွင်းရေးမှူး မစ္စတာနီကိုလိုင် ပက်ထရူရှက်ဗ်နှင့် မတ် ၁၃ ရက်တွင် ကရင်မလင်နန်းတော်၌
တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်
ရုရှားနိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များနှင့်
ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment