နေပြည်တော်၊ မတ် ၁၆
ပြည်ထောင်စုလွှတ်တော်၊
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း
သည် စင်ကာပူသမ္မတနိုင်ငံ၊ ဂုဏ်ထူးဆောင် ဝါရင့်ဝန်ကြီး H.E. MrGohChok Tong နှင့်အဖွဲ့အား
ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေရေးရာကိစ္စရပ်များ၊
နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်း အခြေအနေ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံအနာဂတ်အတွက် ရေရှည်အကျိုးဖြစ်ထွန်းရေး အလားအလာများနှင့်စပ်လျဉ်း၍
ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment