Thursday, March 16, 2017

ကျောက်ပန်းတောင်းမြို့နယ် မြောက်တောကျေးရွာတွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့်ဓမ္မစကူးလ်း အကြိုသင်တန်း ဖွင့်ပွဲကျင်းပ

ကျောက်ပန်းတောင်း  မတ်  ၁၅
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့နယ် မြောက်တောကျေးရွာအုပ်စု၊ မြောက်တောကျေးရွာတွင် ကျေးရွာနေ ကျောင်းသားကျောင်းသူ ကလေးငယ်များအားဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊အခြေခံအင်္ဂလိပ်စာနှင့်ဓမ္မစကူးလ် အကြိုသင်တန်းဖွင့်ပွဲကိုမတ်လ(၁၅)ရက်၊ မွန်းလွဲ(၁)နာရီကအဆိုပါ ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားမစတင်မှီကျောက်ပန်းတောင်းမြို့နယ်ဓမ္မစကူးလ်စင်တာသင်တန်းဆရာမများကယဉ်ကျးလိမ္မာနှင့်ဓမ္မစကူးလ်အခြေခံနှုတ်ဆက်နည်းများ၊ ဓမ္မစကူးတေးသီချင်းများကိုဦးစွာသင်ကြားပေးကြပြီး၊ ခမ်းမအတွင်းသို့  စည်းကမ်း တကျဝင်ရောက်နေရာယူကြသည်။ယင်းနောက်သင်တန်းဖွင့်ပွဲအခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ ဘန္ဒ န္တနန္ဒောဘာသ(မန္တလေးမြို့ မစိုးတိုက်သစ်)မှ လူပရိတ်သတ်များအားငါးပါးသီလချီးမြှင့်၍ ဘန္ဒ န္တကုမာရ (ကျောင်းတော်ရာ)က သြ၀ါဒကထာချီးမြှင့်သည်။ဆက်လက်၍ ဆရာတော် ဘန္ဒ န္တဥာဏဒီပ(ဒမ္မဓရ)အရှင်မြတ်မှ ယဉ်ကျေးလိမ္မာနှင့်ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များကိုရှင်းလင်ပြောကြားပြီး၊ကျောက်ပန်းတောင်းမြို့နယ်ဓမ္မ စကူးလ်ပြန့်ပွားရေး အတွင်းရေးမှူးဆရာတော် ဘန္ဒ န္တဝေဋုရိယ ကသင်တန်းတွင်သင်ကြားမည့် ဘာသာရပ်များနှင့် အချိန်ဇယားများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက်ကျေးရွာဓမ္မစကူးလ်သင်တန်းနှင့်ယဉ်ကျေးလိမ္မာသင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းမှုများကိုကျေးရွာ အကျိုးတော်ဆောင်များကလက်ခံရယူကြပြီး၊ကျေးရွာကိုယ်စားအုပ်ချုပ်ရေးမှူးဦးကျော်ဦးနှင့်အကျိုးတော်ဆောင်ဦးခင်မောင်ဦးတို့ကကျေးဇူးတင်စကားပြန်လည်ပြောကြား၊လျှောက်ထားကြပြီး၊အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

            မြောက်တောကျေးရွာတွင် ယဉ်ကျေးလိမ္မာ၊အင်္ဂလိပ်စာနှင့်ဓမ္မစကူးသင်တန်းများကို သြ၀ါဒဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ကျောက်ပန်းတောင်းမြို့ ဓမ္မစကူးပြန့်ပွားရေးစင်တာနှင့်ကျေးရွာအကျိုးတော်ဆောင်များကပူးပေါင်းဖွင့်လှစ် ခြင်းပြီး၊ယခုနှစ်နွေရာသီမှစတင်၍ ယဉ်ကျေးလိမ္မာသင်တန်းကိုနေ့စဉ် ၁တန်းမှ၆တန်းအထိနံနက်ပိုင်းနှင့်မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီအထိ ၆တန်းနှင့်အထက် ကျောင်းသားကျောင်းသူများကိုယဉ်ကျေးလိမ္မာနှင့်အခြေခံအင်္ဂလိပ်စာများသင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ဆက်လက်၍ ကျောင်းဖွင့်ရက်များတွင် ဓမ္မစကူးလ်သင်တန်းကိုတနင်္ဂနွေနေ့တိုင်းသင် ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ၀ါတွင်းကာလများတွင် ဥူးပုဒ်နေ့တိုင်းဖွင့်လှစ်သင်ကြားပေးသွားနိုင်ရန်စီစဉ်ထားကြောင်းသိရပြီး၊သင်တန်းသားအနေဖြင့်စုစုပေါင်း(၁၈၀)ဦးဖြစ်ကြောင်းသိရသည်။ ဖွင့်ပွဲအခမ်းအနားသို့နာယကဆရာတော်များ၊သင် တန်းနည်းပြဆရာတော်များ၊ မြို့နယ်ဓမ္မစကူးလ်စင်တာမှ ဆရာမများ၊ ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့  ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစိးမှူးနှင့်ဝန်ထမ်းများ၊ မြောက်တောကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းအုပ်ဆရာမကြီးဒေါ်အိအိခင်နှင့်ဆရာ/ဆရာမများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဦးနှင့်   အကျိုးတော်ဆောင်ရပ်မိရပ်ဖများ၊ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

No comments:

Post a Comment