Thursday, March 16, 2017

ငါ့သရောက်မြို့နယ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများသေဆုံးမှုလျော့နည်းစေရေးအပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ငါ့သရောက်  မတ်  ၁၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ် အတွင်းရှိကိုယ်ဝန်ဆောင်အမျိုးသမီးများအားအပတ်စဉ် ဗုဒ္ဓဟူးနေ့ရောက်တိုင်းဆေးရုံလူနာကုသဆောင်တွင် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများစစ်ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း ငါ့သရောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင်ထံမှ သိရသည်။

 “ ကျွန်တော်တို့ ငါ့သရောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း အန္တရာယ်ရှိသောကိုယ်ဝန်ဆောင် အမျိုးသမီးများဆေးရုံသို့လာရောက်ပြီး အန္တရာယ်ကင်းစွာမွေးဖွားပေးနိုင်ရန်နှင့် ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးစောင့်ရှောက်မှု အနည်းဆုံး(၄)ကြိမ် စောင့်ရှောက်မှုများခံယူကုသပေးနိုင်ရန်အချက်များကိုရည်ရွယ်ပြီးအပတ် စဉ် ဗုဒ္ဓဟူးနေ့ရောက်တိုင်းနံနက် ၈ နာရီမှ ညနေ ၄ နာရီအထိအနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများစစ်ဆေးကုသဆောင်ရွက်ပေးနေပါတယ်။ ဒီလိုကိုယ်ဝန်ဆောင်မိခင်များကို အနီးကပ် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအားဖြင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် ရင်သွေးငယ်များသေဆုံးမှုလျော့နည်းလာခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကလေးမီးမဖွားခင် မိခင်မှ ကလေးသို့ ကူးစက်နိုင်သောရောဂါများကိုသွေးဖောက်စစ်ဆေးပြီး ကြိုတင်ကာကွယ်ကုသခြင်းများစောင့်ရှောက်မှုပေးနိုင် ခြင်းအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအားမိခင်အဟာရပြည့်ဝစေရေးအတွက် (Micro – Nutrient) ဖြန့်ဝေရေးလုပ်ငန်းများကိုလည်းဆောင်ရွက်ပေးနိုင်ခြင်းကြောင့် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများတစ်နှစ်ထက် တစ်နှစ် သေဆုံးမှုများလျော့နည်းသွားစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့အနေနဲ့ အကြံပြုပြောချင်တာကကိုယ်ဝန်ဆောင် အမျိုးအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကိုမွေးဖွားရာတွင် နီးစပ်ရာဆေးရုံး၊ ဆေးခန်းများသို့ သွားရောက်ပြီး ကြိုတင်၍ စစ်ဆေးကုသမှုများဆောင်ရွက်သင့်ကြောင်း၊ ကျွန်တော်တို့ ငါ့သရောက်မြို့ပြည်သူ့ဆေးရုံကိုလည်း လာရောက်စစ်ဆေးကုသခြင်းများဆောင်ရွက်နိုင်ပါကြောင်းနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနီးကပ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးကုသမှုများဆောင်ရွက်ပေးနေပါတယ် ” ဟု ငါ့သရောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင်၏ ပြောပြချက်အရ သိရသည်။ 

ရဲဝင်းနိုင်(ညောင်ဦး) 

No comments:

Post a Comment