နေပြည်တော် မတ် ၁၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတ နိုင်ငံဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင်အား
ယနေ့နံနက် ၁၁နာရီခွဲ တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ လက်ခံ တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၊ စင်ကာပူ သမ္မတနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာဂိုချောက်တောင်၊
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု
အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်တင် နှင့်မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး
မစ္စတာ ရောဘတ်ချွာတို့သည် စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူး ဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်တို့သည်
သင်္ဂဟဟိုတယ် Private Dining Room ၌ တွေ့ဆုံဆွေးနွေးကြသည်။
Ref; Myanmar
State Counsellor Office
No comments:
Post a Comment