Thursday, March 16, 2017

နွေရာသီရောက်ချိန်၌ အအေးခံမြေထည်သောက်ရေအိုးများ ရောင်းအားကောင်းလျှက်ရှိ


နေပြည်တော်  -  မတ် ၁၅
          အပူချိန်မြင့်မားသည့် နွေရာသီရောက်ရှိချိန်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် အနီး ၀န်ကျင်မြို့နယ်များတွင် အအေးခံမြေထည်သောက်ရေအိုးများမှာ ရောင်းအားကောင်းလျှက်ရှိကြောင်း သိရသည်။

            အဆိုပါအအေးခံမြေထည်သောက်ရေအိုးများရောင်ချရာတွင် ပျဉ်းမနားဒေသထွက် မြေထည် သောက်ရေအိုးများ၊ မြေထည်ပစ္စည်းများနှင့်အတူ သာစည်မြို့နယ်အတွင်းရှိ မယ်ဇလီကန်ကျေးရွာနှင့် လှိုင်းတက်ကျေးရွာများမှ ထွက်သည့် အအေးခံမြေထည်အိုးများပါမှာယူရောင်းချကျပြီး ပျဉ်းမနားဒေသ ထွက် မြေထည်သောက်ရေအိုးများထက် သာစည်မြို့နယ်ထွက် အအေးခံမြေထည်သောက်ရေအိုး များက ပိုမိုရောင်းအားကောင်းကာ ဈေးနှုန်းလဲပိုမိုရရှိပြီး သောက်ရေအိုးအကြီးတစ်လုံးကို ကျပ် (၂၀၀၀)၊ အလက်တစ်လုံးကို ကျပ်(၁၃၀၀)နှင့် အသေးတစ်အိုးလျှင် ကျပ်(၈၀၀)ခန့်ရောင်းချရကာ ပျဉ်းမနားဒေသထွက် မြေထည်သောက်ရေအိုး တစ်လုံးလျှင် (၆၀၀)ကျပ်ခန့်သာ ပျမ်းမျှရရှိကြောင်း သိရသည်။
            အအေးခံမြေထည်သောက်ရေအိုးများရောင်းချမှုနှင့် ပတ်သက်၍ ``ကျွန်မတို့က ပျဉ်းမနား ဇာတိ ပါ ပျဉ်းမနားဒေသထွက်မြေထည်၊ စဥ့်ထည်ပစ္စည်းများနှင့်အတူ သာစည်မြို့နယ်ထွက် အအေးခံ မြေထည်သောက်ရေအိုးများကို ပျဉ်းမနားမြို့နယ်နှင့် အနီးပတ်ဝန်ကျင်မြို့နယ်တွေက ဘုရားပွဲများ၊ အလှူပွဲများနှင့် အခြားပွဲတော်များတွေမှာလိုက်ရောင်းကျတာပါ  ပွဲတော်တွေမှာ အခုနွေရာသီရောက် ရှိချိန်မှာ အအေးခံမြေထည်သောက်ရေအိုးက အခြားမြေထည်ပစ္စည်းတွေထက် ပိုရောင်းရပါတယ် အဓိကထားရောင်းရတော့ အလှူပွဲများ၊ ဘုန်တော်ကြီးကျောင်း၊ ဘုရားများအတွက်လာဝယ်သူတွေက ပိုမိုရောင်းချရပါပြီး ထူခြားချက်အနေနဲ့ ဒီနှစ်ပွဲတော်တွေမှာ အအေးခံမြေထည်သောက်ရေအိုးများမှာ အရင်းနှစ်တွေကထက်ပိုမိုရောင်းအား ကောင်းပါတယ်´´ဟု ပျဉ်းမနားမြို့နယ် ဆုတောင်းပြည့် လောကမာရဇိန်စေတီတော် တပေါင်းဘုရားပွဲတော်တွင် မြေထည်၊ စဥ့်ထည်ပစ္စည်းများ ရောင်းချသူ တစ်ဦးမှ ပြောသည်။
စိုးမိုး(ပြန်/ဆက်)


No comments:

Post a Comment