လမိုင်း မတ်လ ၁၅ ရက်
မွန်ပြည်နယ်၊ လမိုင်းမြို့၊ ကနင်ကမော့ကျေးရွာ၌
ထာဝရအလင်းရောင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို မတ်လ(၁၅)ရက် နံနက်
(၈)နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ဆရာတော်ကြီးများ၊ မြို့အုပ်ချုပ်ရေးမှူး၊
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ထို့နောက် ကနင်ကမော့ကျေးရွာ ကျောင်းထိုင်ဆရာတော်၊
မြို့အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းကို၊ ပြန်/ဆက်ဦးစီးဌာနမှူး ဒေါ်တင်ဇာစိုးနှင့်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကျော် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းကိုက စာကြည့်တိုက်ဖွင့်လှစ် ရခြင်းအမှာစကားပြောကြားပြီး
ပြန်ကြားရေးနှငြ့်ပည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တင်ဇာစိုးက စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာအုပ်ထိန်းသိမ်းမှုများကို
ရှင်းလင်း ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်မှ စာကြည့်တိုက်
ဆောက်လုပ်ခြင်းနှင့် ပူးပေါင်း ကူညီကြသော ကျေးရွာမှ
တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ စာကြည့်တိုက်သို့ စေတနာရှင်၊ အလှူရှင်များက
စာအုပ်၊ စာစောင်များ လှူဒါန်းရာ စာကြည့်တိုက်အဖွဲ့တစ်ဦးက လက်ခံကြောင်း သတင်းရရှိသည်။
No comments:
Post a Comment