Wednesday, March 15, 2017

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

ညောင်တုန်း မတ်လ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရန်ပုံငွေဖြင့်  မြေသားလမ်းများပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ မြေသားလမ်းများ ပြုပြင်နေမှုလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် ၀န်ထမ်းများက မတ်လ ၁၅ ရက်က ကွင်းဆင်းစစ်ဆေးရာ  အရှည် ၄ မိုင်၊ ၅ဖာလုံရှိသည်။ မြေသားလမ်းများ ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ကျေးရွာအုပ်စု (၆) အုပ်စုမှ ကျေးရွာ (၆) ရွာရှိ ပြည်သူများအား သွားလာရေး အထောက်အကူပြုစေမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment