ဒီးမော့ဆို မတ် ၁၅
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် လူမူအခြေပြုဗဟိုဌာန
Community Center ဆောင်ရွက်နေမှုများကို စံပြ (၆) မိုင်ကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)
(အင်းကုန်း) မှ ကျောင်းသားကျောင်းသူများက မတ် ၁၅ ရက် မွန်းလွှဲ ၁ နာရီအချိန်တွင် လာရောက်လေ့လာကြကြောင်း
သိရသည်။
ကျောင်းသားကျောင်းသူများက
ပြည်သူ့စာကြည့်တိုက်အတွင်း လူမူအခြေပြုဗဟိုဌာန Community Center ဆောင်ရွက် နေမှုများ၊
ကလေးစာဖတ်ခန်း ဆောင်ရွက်ထားမှု၊ ကလေးသူငယ်များ ရေးဆွဲထားသော ပန်းချီ၊ ဆေးရောင်ခြယ်များ
ပြန်လည်ခင်းကျင်းပြသနေမှု၊ စာအုပ်စာစောင်များ ငှားရမ်းပေးနေမှုများကို လေ့လာကြသည်။ ထို့နောက်
မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က လူမူအခြေပြုဗဟိုဌာန Community Center ဆောင်ရွက်နေမှု၊
မြို့နယ်အတွင်း စာဖတ်ရှိန်မြင့်တင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများကို
ရှင်းလင်ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဌေးက စာဖတ်ခြင်း အကျိုးကျေးဇူးများကို
ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ရေးအတွက် လစဉ် အခြေခံပညာ
ကျောင်းများ၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသည့်အပြင် ရပ်ကွက်အတွင်းနှင့် ဘော်ဒါဆောင်များသို့
Moblie Library ဖြင့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်
No comments:
Post a Comment