နေပြည်တော် မတ် ၂၀
ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့်
ရောင်းချပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၈နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၀င်းအတွင်း၌
ဆက်လက်ကျင်းပသည်။
အဆိုပါ ပြသရောင်းချပွဲတွင် ကျောက်အတွဲ တင်ပြရောင်းချခွင့်ရှိသူများနှင့်
နိုင်ငံသား ရတနာကုန်သည်များက နံနက် ၈နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများကို
ကြည့်ရှုစစ်ဆေးခြင်း၊ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲများ အတွက်
ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင် ရာ တင်ဒါပုံးများတွင် ထည့်သွင်းကြသည်။
ကျောက်မျက် ရတနာရောင်းချပွဲတွင်ကျောက်မျက်အတွဲ၁၉၅တွဲနှင့် ကျောက်စိမ်း အတွဲ
၄၄၅၄တွဲကို ပြသရောင်းချ သွားမည် ဖြစ်ပြီး ကျောက်အတွဲတင်ပြ ရောင်းချသူများနှင့် ၀ယ်ယူသူများဖြင့်
စည်ကားလျက်ရှိကာ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းကို မတ်လ
၂၂ရက်မှ စတင်၍ ပြုလုပ် မည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် အဆိုပါပြသရောင်းချပွဲသို့ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင့် တာဝန်ရှိသူများက ကျောက်စိမ်း၊
ကျောက်မျက်ရတနာများခင်းကျင်း ပြသထားမှုတို့ကို လာရောက်လေ့လာ ခဲ့ကြသည်။
No comments:
Post a Comment