ဘားအံ မတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဥိးစီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော
ကလေးစာပေပွဲတော် ဒုတိယနေ့ကို မတ်လ ၂၀ ရက်နေ့
နံနက် ၉ နာရီအချိမှ စတင်၍ ဆက်လက်ကျင်းပလျက်ရှိရာ
ကလေးငယ်များ ပျော်ရွှင်စွာပါဝင်ဆင်နွဲလျက်ရှိကြောင်း သိရသည်။
ကလေးစာပေပွဲတော်တွင် ကလေးစာဖတ်ခန်းကို
သီးသန့်ထားရှိပေးထားပြီး ရုပ်ပြ၊ ပုံပြင်၊ ဟာသရုပ်ပြ၊ ကလေး ရုပ်ပြ၊ ဘာသာရေးရုပ်ပြ၊ ကာတွန်းသရုပ်ဖော် အစရှိသည့်
ကလေးစာပေများကို လေ့လာဖတ်ရှု့ခြင်း၊ စကားပုံဆက်၊
အရုပ်ဆက် အိမ်ဆောက်ကစားနည်း၊ စက္ကူခေါက်ကစားနည်း၊ ခွက်နင်း၊ ဘောလုံးညှပ်၊ သုံးယောက်တွဲပျဉ်ပြားခုံဖိနပ်စီး၊ ဂေါက်သီးရိုက်၊ ဘိုးလင်း၊ စမောဂိုး(ဂိုးကျဉ်း)ကစားနည်းများကို ပျော်ရွှင်စွာကစားခြင်း၊ Royal-D ၊ Power Fresh၊
DeDe အချိုရည်များ၊ PEP Milk ၊ Gokd Roast
Coffee Mix ၊ MAMEE ခေါက်ဆွဲအစရှိသည့်စေတနာရှင်
အလှူရှင်များ ကျွေးမွေးသော အစားအသောက်များ သုံးဆောင်ခြင်း၊ အရုပ်ဆက်၊ ကဗျာ၊ ပုံပြော၊ ပန်းချီ၊ ဆေးရောင်ချယ်၊
ကျပန်းစကား ပြောပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲများ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းများဖြင့် ကလေးစာပေပွဲတော်ကို ကလေးများ ပျော်ရွှင်စွာပါဝင်ဆင်နွဲလျက်ရှိကြောင်း သိရသည်။
အလားတူ သုတအလင်း(ရွှေဂွန်း)စာကြည့်တိုက်မှ
ကလေးစာအုပ်၊စာပေပြခန်း၊ ဘားအံမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ အိမ်တွင်းမှုပြခန်းများ၊
BRITISH COUNCIL Library & information Centre မှ ပြခန်းနှင့် နည်းပညာ၊ သက်မွေးပညာနှင့်
လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ပြခန်းများအား လိုက်လံ ကြည့်ရှု့လေ့လာကြကာ ကျော်ကျော်စာပေနှင့် ကိုဆန်းမိုးအောင်စာပေတို့၏
စာအုပ်အရောင်းဆိုင်များမှ စာအုပ်စာစောင် များအား
ဖတ်ရှု့လေ့လာ ၀ယ်ယူကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း၊ထိန်လင်းအောင်
No comments:
Post a Comment