စစ်တွေ မတ် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန
နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ပထမအကြိမ်မြောက် ကလေးစာပေပွဲတော်
၊ ကလေးစာပေပြပွဲ နှင့် စာအုပ်ဈေးရောင်းပွဲတော်ကို စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ မတ်လ
(၃၀) ရက်နေ့ နံနက်(၉) နာရီမှ ညနေ (၅)နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ကလေးများ၏
ဥာဏ်ရည် ဥာဏ်သွေး နှင့် အယူအဆများ ထက်မြက်လာစေရေး၊ ကလေးများ၏ တီထွင်ဖန်တီး လိုစိတ်များ
ရင့်သန်လာစေရေး ကလေးများ၏ အပြောအဆို နှင့် နှုတ်မှုရေးရာစွမ်းရေးများ မြှင့်မားလာစေရေး၊
ကလေးများစာပေနှင့် ရင်းနှီးပြီး ကလေးများ၏ ပျော်ရွှင် မှုကို စာဖတ်ခြင်း ဖြင့် ဖန်တီးလာစေရေး
ရည်ရွယ်ချက်ဖြင့် ကလေးစာဖတ်ခန်း ၊ ကလေးစာအုပ်ပြပွဲ နှင့် စာအုပ်အရောင်းဆိုင်များ ခင်းကျင်းကာ
အသိပညာပေး ကာတွန်း များချိတ်ဆွဲပြထားမည်ဖြစ်ပြီး ၊ ပုံပြင် ပြောပြိုင်ပွဲ ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ၊ကာတွန်းရုပ်များဖြင့် ဓာတ်ပုံရိုက်ကူးခြင်း 3D
ရုပ်ပုံများဖြင့် ဓာတ်ပုံရိုက်ကူးခြင်း ၊ အဖွဲ့လိုက်
ဂိမ်းကစားနည်း စသည့်အစီအစဉ်များစွာ ပါဝင်ကျင်းပသွားမည်ဖြစ်ကြောင်း စစ်တွေ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဦးစီးအရာရှိ ဒေါ်လှပိုမို ကပြောကြားခဲ့သည်။
စစ်တွေမြို့တွင်
ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့ နံနက်(၉) နာရီက စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ဦးဆောင်၍ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်
ကော်မတီဝင်များ နှင့် စာရေးဆရာများ၊ ပန်းချီပညာရှင်များ နှင့်စာအုပ်ရောင်းဆိုင်များမှ
ပိုင်ရှင်များ တက်ရောက် ကြပြီးဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအစဉ်များအား ညှိနှိုင်းပေါင်းစပ်
ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်
ကလေးစာပေပွဲတော်ကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိပြီးပါဝင်
ဆင်နွှဲနိုင်ရန်အတွက် စစ်တွေမြို့ပေါ်ရှိ လူ စည်ကားရာနေရာများတွင် ကလေးစာပေပွဲတော် အကြောင်း လှုံ့ဆော်မြေစိုက် ပိုစတာများ စိုက်ထူခြင်းကို
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးမှ အမွှေးနံသာများ ပက်ဖြန်းပြီး စိုက်ထူခဲ့ကြောင်းသိရသည်။
မြို့နယ်
(ပြန်/ဆက်)
No comments:
Post a Comment