Friday, March 17, 2017

ဘားအံမြို့၌ ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ဘားအံ မတ် ၁၇
ကလေးများ၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီး လိုစိတ်များ ရင့်သန် လာစေရန်၊ စာပေနှင့်ရင်းနှီပြီး စာဖတ်ခြင်းတွင် ပျော်မွေ့တက်လာစေရန်နှင့် ကလေး များ၏ ပျော်ရွှင်မှုကိုဖန်တီးပေးရန်ရည်ရွယ်၍  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍  ကရင်ပြည် နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် မတ်လ ၁၉ ရက်နေ့မှ  ၂၀ ရက်နေ့ထိ ကလေးစာပေပွဲတော်ကို စည်ကားသိုက်မြိုက်စွာ  ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ကလေးစာပေပွဲတော်တွင်  စာအုပ်ပြပွဲနှင့် စာအုပ်အရောင်းပွဲ၊ ဥာဏ်ရည် ဥာဏ်သွေးဖော်ထုတ်သည့် တစ်ဦးခြင်းနှင့် အဖွဲ့လိုက် ဂိမ်းကစားပွဲများ၊ ဖျော်ဖြေပွဲများ၊  ပုံပြောပြိုင်ပွဲ၊  ပန်းချီပြိုင်ပွဲ၊ ကျပန်းစကား  ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပြခန်းများ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ အစရှိသည့် ကလေးများနှင့်ပတ်သက်သည့် ပျော်ပွဲရွှင်ပွဲများကို နံနက် ၉ နာရီမှ စတင်၍ ညနေ ၅ နာရီထိ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်ကျင်းပနေစဉ်ကာလအတွင်း  ညစဉ် ၇ နာရီမှစ၍ စာပေဟောပြောပွဲများကိုလည်း ကျင်းပမည်ဖြစ်ရာ  မည်သူမဆို ပါဝင်ဆင်နွဲနိုင်ကြောင်း သိရသည်။
အခု ဒီကလေးစာပေပွဲတော်ဟာ ယနေ့ ပြောင်းလဲလာတဲ့  နည်းပညာခေတ်မှာ ကလေးများရဲ့ အသိပညာ ဗဟုသုတနဲ့ စိတ်ဓါတ် ခွန်အားတွေ၊ ယဉ်ကျေးမှုတွေ၊ စာဖတ်တဲ့ အလေ့အထတွေ ဖြစ်ပေါ်လာစေဖို့ အကျိုးသက် ရောက်မှုတွေဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်ဟု ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းက ပြောကြား သည်။
ကလေးစာပေပွဲတော်အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပါဝင်ဆင်နွှဲနိုင်ရန် ဘားအံမြို့ရှိ လူစည်ကားရာ နေရာများတွင် ကလေးစာပေပွဲတော်လှုံဆော်မြေစိုက်ပိုစတာများ၊ လမ်းဖြတ်မြေစိုက်ပိုစတာ  များစိုက်ထူထားပြီးသည်။
ဘားအံမြို့ ကလေးစာပေပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား ကြောင်း၊ ပွဲတော်ကျင်းပချိန် နီးကပ်လာသည့်အမျှ ပြည်သူများ၏ စိတ်ပါဝင်စားမှုလည်း လိုက်ပါမြင့်တက်လာလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment